မိုးမေတ္တာ-နာရေးကူညီမှုအသင်း(ပြည်)၏ နေ့စဉ် လုပ်ဆောင်လျှက်ရှိနေသောကူညီဖေးမမှု လုပ်ငန်းစဉ်များတွင် အသုံးပြုရသော နိဗ္ဗာန်ယာဉ်များ၊ အရေးပေါ်လူနာတင်ယာဉ်များ၊ ကယ်ဆယ်ရေး အထောက်အကူပြုယာဉ်များ၊ ရုံးသုံးကားများအတွက်ကာလတန်ဖိုး(200000)ခန့်တန်ဖိုးရှိသော အင်ဂျင်ဝိုင်(20)liter ဗုံး(2)ဗုံး အား ကိုနိုင်ထူးဝင်းA.ONE.TOP&STARLIGHTCO.LID BIZOL GERMAN MOTOR OIL မှ ပေးအပ်လှူဒါန်းပေးခဲ့ပါသည်ခင်ဗျာ။ ထို့အပြင် မိမိတို့ မိုးမေတ္တာသို့ (6)လတစ်ကြိမ် အင်ဂျင်ဝိုင်(20)လီတာ ဗုံး(2)ဗုံး အား ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါတယ်ခင်ဗျာ။

ယခုလိုကူညီဖေးမမှုများအား(အခမဲ့) ကူညီဖေးမမှုများကို (2010)မှအစပြုကာ ယခုအချိန်ထိတိုင်အောင် နေ့စဉ်နှင့်အမျှ ကူညီလုပ်ဆောင်နိုင်ခြင်းမှာ ရပ်နီး/ရပ်ဝေးမှ ရှိကြသော စေတနာရှင် အလှူရှင်များ၏ ကူညီလှူဒါန်းပေးခြင်းနှင့် အသင်းသူ/သားများ၏ လုပ်အားဒါန အစုစုတို့ကြောင့် အများပြည်သူအတွက် ရပ်တည်ကူညီပေးနိုင်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

ရပ်နီး/ရပ်ဝေးမှ မိဘပြည်သူ အလှူရှင်များနှင့်အတူ မိမိတို့ မိုးမေတ္တာ-နာရေးကူညီမှုအသင်း(ပြည်)၏ အသင်းသူ/သားများ၏ လုပ်အားဒါန ကုလိုလ်အစုစုတို့အား ကွယ်လွန်သူများနှင့်သတ္တဝါအပေါင်းတို့အား အမျှပေးဝေပါသည်၊အမျှရကြ၍ ဝမ်းမြောက်နုမော်သာဓု ခေါ်ဆိုနိုင်ကြပီး ကောင်းမြန်တဲ့ဘုံဗိမာန်မှာ မြန်းမကြွ စံစားနိုင်ကြပါစေခင်ဗျာ။

#အသင်းရုံးဖုန်း09260570009 09662500099

ယခုလိုလှူဒါန်းမှုအား မိမိတို့ အသင်းမှ အထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။ လှူဒါန်းပေးပါသော အလှူရှင်မိသားစုတို့သည်လည်းယနေ့မှစ၍ ကျန်းမာ၊ချမ်းသာ၊ဘေးရန်ကွာစွာဖြင့် စီပွားဥစ္စာများလည်းဒီရေအလားတိုးတက်ကောင်းမွန်ကြပါစေကြောင်းဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်ခင်ဗျာ။ မိမိတို့ မိုးမေတ္တာ နာရေးကူညီမှုအသင်း မှအောက်ဖော်ပြပါ လုပ်ငန်းများအား(အခမဲ့)ကူညီပေးလျှက်ရှိနေပါသည်။

၁.နာရေးကူညီဖေးမမှုများ

၂.အရေးပေါ်ကယ်ဆယ်ရေးများ

၃.မြို့တွင်းလူနာ အခမဲ့ ပို့ဆောင်ပေးမှုများ

၄.သွေးလှူဒါန်းခြင်း

၅.ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဆေးကုသမှုပေးခြင်း(ကုသိုလ်ဖြစ်ဆေးခန်း)

၆.ပညာရေးဖောင်ဒေးရှင်း များအား အများပြည်သူအတွက်မိမိတို့အသင်းမှ အများပြည်သူကောင်းမှုအနေဖြင့်လုပ်ဆောင်လျှက်ရှိနေပါသည်။

မိုးမေတ္တာ-နာရေးကူညီမှုအသင်း (ပြည်)

အသင်းအဖွဲ့မှတ်ပုံတင်အမှတ်-(၀၀၄)

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပြည်မြို့။

ဘုရင့်နောင်လမ်းမကြီး/မဂ္ဂင်ပေါက်။

Aung min htike

မိုးမေတ္တာ နာရေးကူညီမှုအသင်း(ပြည်)